Translate

Tuesday, August 20, 2019

Red Magic Spell

Red Magic Spell kyaw zin htut khaung

ခုတင်ပြမှာက Black Magic လည်းမဟုတ်ဘူး ... White Magic လည်းမဟုတ်ဘူး ... Red Magic လို့ခေါ်ပါတယ် ... ဒဲ့ဘာသာပြန်ရင် .. အနီရောင်မှော်ပညာပေါ့ဗျာ ... သွယ်ဝိုက်ဘာသာပြန်ရရင် ... အလယ်လမ်းလောကီပညာပေါ့ ... ဒီပညာရပ်ကတကယ်လေ့လာရင် အရမ်းကျယ်ဝန်းပါတယ် ... တော်ရုံလူတွေမသိအောင် ၀ှက်ဖဲတွေနဲ့ထားတတ်တဲ့လောကီပညာကို
ကျနော်ကရစေလို ... သိစေလိုတဲ့စေတနာနဲ့ မကျဉ်းမကျယ်တင်ပြနေခြင်းပါ ... အရင်ကလည်း ဒါမျိုးတွေတင်ပြခဲ့ဖူးပါတယ် ... ပြန်ရှာဖတ်ကြပါ ... ခုဟာကတော့ တမျိုးဗျ ... ဆားလက်သုံးဆုပ်စာကို စားပွဲတစ်လုံးပေါ်မှာ စက်ဝိုင်းပုံဖြန့်ခင်းလိုက်ပါ ... ပြီးရင် စက်ဝိုင်းအလယ်မှာ ဖယောင်းတိုင် အနီတစ်တိုင်ထွန်းပါ ... ပြီးရင် ကိုယ်ညှို့ဓာတ်ပေးမယ့် ဓာတ်ပုံကို မှတ်မိအောင် တခဏကြည့်ထားပါ ... နဂိုကတည်းက မှတ်မိတယ် ... အာရုံပြုနိုင်တယ်ဆိုရင် ကြည့်မနေပါနဲ့ ... မလိုပါဘူး .. ပြီးရင် ဖယောင်းတိုင်မီးတောက်ထဲက အပြာရောင်မီးညွန့်ကလေးကို စူးစူးစိုက်စိုက်ကြည့်လိုက်ပါ ... တတ်နိုင်သရွေ့မျက်တောင်မခတ်မိပါစေနဲ့ ... တပြိုင်နက်မှာပဲ ... ညှို့ဓာတ်ပေးလိုသူကိုမြင်ယောင်ထားပါ ... အပြောလွယ်သလောက် အလုပ်ခက်ပါတယ် ... ဖြေးဖြေးလုပ်ပါ ... မလောပါနဲ့ ... ဒီတခဏလေးအတွင်းမှာ ... အောက်ပါမန္တန်ကို တတ်အားသမျှရွတ်ဖတ်ပါ ...

Autho Spacto Gabo ...

ဒီမန္တန်က အနီရောင်လောကီပညာရှင်ကြီးတွေ မှော်ဆင့်တက်တဲ့နေရာမှာတွင်တွင်ကြီးအသုံးချကြပါတယ် ... မှတ်မိအောင်မှတ်ထားကြပါ ... လိုအပ်ရင် ... မသေချာမှာစိုးရင် မှတ်စုထဲကူးထည့်ထားကြပါ ... အရေးကြီးပါတယ် ... ရင်ထဲဘ၀င်ကျတဲ့အထိရွတ်ပြီးတာနဲ့ ... စေလိုရာစေပါ ... နောက်နေ့အဲဒီလူနဲ့စကားပြောကြည့်လိုက်ပါ ... ဘာထူးလဲ ... ကိုယ့်ဘာသာစမ်းကြတော့ဗျာ ... ဒါပါပဲ ...

No comments:

Post a Comment