စီးပွားသိဒ္ဓိပေါက် ဘူးခါးခြောက်
ဘူးခါးခြောက်တစ်လုံးကို ရွှေပိန်းချ၊ အထဲမှာ ငွေအကြွေ၉မတ်(ယခုခေတ်၌ ငွေ၉ရာကျပ်ထည့်လည်းရ၏၊မတ်စေ့၉စေ့ရက
ပို၍ကောင်း၏)ထည့်၊ ကြေးနန်းကြိုးနှင့် ဘုရားခန်းရှေ့၌ ချိတ်ဆွဲထား သို့မဟုတ် ဘုရားရှင်အားကပ်လှူ။
ဘူး ခါး ခြောက် = ၅+၂+၂=၉
ရွှေပိန်း = ၄+၅=၉
ကိုးမတ်(သို့)ငွေကိုးရာ = ၉
ကြေးနန်း =၂+၇=၉
နဝင်းကိုက်ဓာတ်ဆင်၍လှူဒါန်းကာ စီးပွားရေးအပွင့်အလန်းဓာတ်ဖွင့်ခြင်းဖြစ်ပါ၏။...။
ဤအစီအရင်ဖြင့် စီးပွားရေးများ ဒီရေအလားတိုးပွားလာမည်...... ထိုအခါ အဇ္ဈာသယ(မျှော်လင့်ချက်မပါဘဲလှူဒါန်းခြင်း)အမှု ပြုလုပ်ပေးပါ......
သဒိသံ ပါကံ ဇနေတိ
ဂန္ဓာရီခရီးသည်
No comments:
Post a Comment