ဉာဏ်ပညာထက်မြက်စေသောကျင့်စဉ်
ကျောင်းသူ/ကျောင်းသားများနဲ့အထူး သင့်လျော်တဲ့ကျင့်စဉ်တစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။သင်ယူနေတဲ့အတတ်ပညာ ဆိုင်ရာ ဆိုင်ရာများ အခက်အခဲမရှိ ဉာဏ်ပညာထက်မြက်လာစေဖို့ အဓိဋ္ဌာန်ပြုခြင်းအားဖြင့် အထူး အောင်မြင်မှုရရှိစေမှာ ဖြစ်ပါတယ်။
နံနက်ပိုင်း
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်လုံးချ၊တစ်နေ့သုံးပတ်)
နေ့လည်ပိုင်း
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်လုံးချ၊တစ်နေ့သုံးပတ်)
ညနေပိုင်း
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်လုံးချ၊တစ်နေ့သုံးပတ်)
တစ်နေ့လျှင် ၉ပတ် ပုံမှန်စိပ်သွားပါ။ဆရာတော်ဦးပညာထံမှ ဤနည်းကို ရရှိပါသည်။
အနက်လေးပါ မှတ်ပြီး ပုတီးစိပ်စဉ် အာရုံပြုပါ....
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ = အတိတ်ဖြစ်စဉ်ကို အပိတ်အပင်မရှိ၊အတားအဆီးမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ = ပစ္စုန်ပ္ပန်ဖြစ်စဉ်ကို အပိတ်အပင်မရှိ၊အတားအဆီးမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ = အနာဂတ်ဖြစ်စဉ်ကို အပိတ်အပင်မရှိ၊အတားအဆီးမရှိ သိမြင်တော်မူသော မြတ်စွာဘုရား
အားလုံးပဲ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး
စီးပွားဥစ္စာတိုးပွားကာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။.........။
ဂန္ဓာရီခရီးသည် kyaw zin htut khaung
No comments:
Post a Comment