စိုးရိမ်ကြောင့်ကြမရှိလိုကြောင်းဆုတောင်းဂါထာ
``ဒသာ သုတ္တံပိ မေ ဘောဂ၊ံ
ပဉ္စဝေရာ ဘဝေ ဘဝေ။
မာဂဏှေယဉ္စ နေဿယျုံ၊
အသောကော ဘောဂဟေတု မေ။´´
ဘဝေ ဘဝေ-ဘဝတိုင်း ဘဝတိုင်း၌ ၊မေ-ငါ
၏၊ဘောဂံ-စည်းစိမ်ကို၊ဒသာသုတ္တံပိ-မိစ္ဆာချည်တစ်မျှကိုလည်း၊ပဉ္စဝေရာ-ရေ၊မီး၊မင်း၊ခိုးသူတည်းဟူသော လူတွင်ကျယ်ညစ်မချစ်မုန်းထား ငါးပါးသောရန်သူတို့သည်၊မာဂဏှေယဉ္စ-ယူလည်းမယူနိုင်စေကုန်သတည်း၊နေဿယျုံ-ဖျက်လည်းမဖျက်ဆီးစေနိုင်ကုန်သတည်း၊ဘောဂဟေတု-ဥစ္စာဟူသောအကြောင်းကြောင့်၊မေ-ကျွန်ုပ်အား၊အသောက-စိုးရိမ်ကြောင့်ကြမရှိသည်၊ဟောတု-ဖြစ်ပါစေသတည်း။.....။
အဲဒီဂါထာကိုကိုယ်ဘုရားရှိခိုးတိုင်း၊ည,အိပ်ရာဝင်တိုင်းပုံမှန်ရွတ်ဆိုပေးရင်မိမိရဲ့စီးပွားဥစ္စာပိုင်ဆိုင်မှုတွေဟာဘယ်လိုအကြောင်းကြောင့်နဲ့မှမပျက်ဆီးနိုင်၊သူတစ်ပါးကမဖျက်ဆီးနိုင်ပါဘူး။ကြွေးဟောင်း၊ကြွေးမြီရစရာရှိတဲ့သူတွေလည်းရွတ်နိုင်ပါတယ်။
No comments:
Post a Comment