အမတေ ဟူသည်
ကျွန်တော် အိပ်တော့မည့် အလုပ်မှာ
ဒီ အကြောင်းကို ပြန်စဉ်းစားမိလို့  ရေးဖြစ်
သွားပါတယ် ။
ကျွန်တော်တို့  လူတော်တော်များများ
ဟာ ဂမ ၻီရ အေဆာင္မ်ား အမေတမ်ားကို
အပတ်တကုတ် အချိန်ယူပြီး ရှာဖွေစုဆောင်းချင်သူက များပါတယ် ။
သတင်းရတာ နင့် လိုက်ကြသူတွေလည်း
ရှိပါတယ် ။ ဒါပေမဲ့ မိမိ ခန္ဓာကိုယ်ကို
အမတေ ဖြစ်အောင် လုပ်ယူဖို့  သတိမပြုမိသူက များပါတယ် ။
မိမိကိုယ်ကို အမတေ သိဒ္ဓိဝင် ပစ္စည်း
ဖြစ်အောင်လုပ်နည်း ။
၁။ နေ့ စဉ် အချိန်သတ်မှတ်၍ မိမိနိုင်နင်း
သောသီလ ကို အချိန်ပိုင်းဖြစ်စေ ။
တစ်ရက်တာဖြစ်စေ စောင့်ထိန်းနိုင်
အောင် ကြိုးစားပါ ။
၂။ သည်းခံစိတ်မွေးပါ ။
၃။ ငယ်သူကို သနား ။ ရွယ်တူကိုလေးစား။
ကြီးသူကို ရိုသေပါ ။
၎။ ဗြဟ္မစိုရ်တရား လေးပါးကို လိုက်နာ
စောင့်ထိန်းပါ ။
၅။ လောဘ ဒေါသ မောဟ မာနတရား
များ အစွန်းမရောက်ပါစေနင့် ။
၆။ ကံကြီး မထိုက်မိပါစေနင့် ။
၇။ အခါ အားလျော်စွာ ကုသိုလ်ဒါန လုပ်ပါ
၈။ မိမိ ကြိုက်နစ်သက်သော ဂါထာကို
ဂုဏ်တော်ကို မကြာခဏ သတိရတိုင်း
ရွတ်ဆိုပေးပါ ။ လူအများကြားတွင်
စိတ်ထဲက ရွတ်ပါ။
၉။ အခါအားလျော်စွာ မိမိ၏ အသက်
ဝိညာဉ် ခန္ဓာကိုယ်ကို ဘုရားလှူ ပါ။
၁၀။ရုတ်ရမ်း ကြမ်းတမ်း ခက်ထန်ပြီး
အနှစ်မရှိသော စကားများကို မပြောမိ
ဖို့  သတိပြုပါ ။
၁၁။ သူတစ်ပါးအား ထိခိုက်စေသော
မုသာဝါဒ နှင့် ကုန်းချောစကားများ
ကို မပြောမိဖို့  စောင့်ထိန်းပါ ။
၁၂။ မေထုန်ဂယာဝါသ အမူတွင် လူ့ 
သဘောသဘာဝ ကို ဆန့် ကျင်၍
မလွန်ကူးးဖို့  သတိပြုပါ ။
၁၃။ သူတော်ကောင်းတရား ခုနစ်ပါးကို
လက်ကိုင်ထားပါ ။
၁၄။ ပါရမီ ဆယ်ပါးကို စွမ်းနိုင်သလောက်
ဖြည့်ကျင့်ပါ ။
၁၅။ တတ်နိုင်သလောက် ။ စွမ်းနိုင်
သလောက် သာသနာပြုပါ ။
ဤ အချက် ( ၁၅ ) ချက်ကို ကြိုး
စားပြီး လေ့ကျင့် ဆောင်ရွက်နေလျှင်
မိမိ ခန္ဓာကိုယ်သည် အမတေ ဆိုက်ပြီဟု
ယုံကြည်လိုက်ပါ ။
အမတေ ဆိုက်သော ခန္ဓာကိုယ်
သည် လားရာဂတိကောင်း၏ ။ ချမ်းသာ
စွာအိပ်စက်ရ၏ ။ အနာရောဂါ နှိပ်စက်ခြင်း
မရှိ ။ ဥပစ္စေဒက ကံဖြင့် သေဆုံးခြင်းမရှိ။
သတ္တန္တရကပ်။ ရောဂန္တရကပ် ။
ဒုဘိက္ခန္တရကပ် တို့ မှ ကင်းဝေး၏ ။
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့
ဖြစ်စေ၏ ။
ဝိဇ္ဇာတို့လျှောက်သောလမ်း
No comments:
Post a Comment