ဇော်ဂျီ ရှင်ဇာဂရ ပေးသွားသော ပြဒါးတက်လမ်း
၁။ ပြဒါး (၁)ကျပ်သား
၂။ ဒုတ္ထာ (၁)ကျပ်သား
၃။ ဆား (၄)ကျပ်သား
ယင်းသုံးမျိုးကိုသံဒယ်အိုးအသစ်တစ်လုံးတွင်ထည့်၍ ရေ ရောကာမီးအေးအေးဖြင့်ဖုံခုံလောက်(၃)လုံးခွင်၌ချက်လေ။
ရေခန်းသွားလျှင်ယင်းတို့အားလက်ဖြင့်လုံး၊မာသွားလိမ့်မည်။သံပုရာသီး ကြီးကြီး တစ်လုံးအားအလယ်ခွဲ၊၄င်းပြဒါးလုံးအားထည့်။
၁။ ၄င်း ပြဒါးသံပုရာ အလုံးအားလုံတစ်လုံးထဲထည့်၊ဖိုအလယ်တည်၍ဖြည်းဖြည်းချင်းထိုး၊သံပရာရည်ခန်းကတစ်မီးရသည်မှတ်။
၂။ သံပုရာသီး (၃၆)လုံးရောက်လျှင် မြွေ၊ကင်းနှင့်ပယောဂဟူသမျှနိုင်နင်းတော့၏။
၃။ သံပုရာသီး (၁၀၈)လုံးရောက်လျှင် (၃၂)ပါးသောရောဂါနိုင်တော့၏။
၎။ သံပုရာသီး (၂၁၆)လုံးရောက်လျှင်
(၉၆)ပါးသောရောဂါဟူသမျှနိုင်တော့၏။ ထိုအခါ ပြဒါးလုံးအား ဘော်(၁)ပဲသားကျွေးလေ။
၅။ (၃၂၄)မီးရောက်လျှင် ပထဝီဓာတ်ပေါက်၏။
၆။(၄၃၂)မီးရောက်လျှင် ကာယသိဒ္ဓိပေါက်၏။
၇။ (၅၄၀)မီးရောက်လျှင် ဥဒကသိဒ္ဓိပေါက်၏။
၈။ (၆၄၈)မီးရောက်လျှင် အဂ္ဂိတေဇောသိဒ္ဓိပေါက်၏။
၉။(၈၆၄)မီးရောက်လျှင် အာကသသိဒ္ဓိပေါက်တော့၏။ယင်းအဆင့်၌ပြဒါးလုံးအားရွှေ(၁)ပဲသားကျွေးလေ။
၁၀။(၉၇၂)မီးရောက်လျှင် အာဟာရသိဒ္ဓိပေါက်ပြီးရွှေတစ်ပဲသားထပ်ကျွေးလေ။ယင်းအချိန် ပြာအန်မည်။ယင်းပြာအားကွမ်းရိုးတစ်တို့၊ဘော်တစ်ကျပ်သား၌တို့၊ရွှေဖြစ်ပြီး ဓနသိဒ္ဓိ ပေါက်တော့၏။
၁၁။(၉၉၉)မီးရောက်လျှင် မနောမယသိဒ္ဓိပေါက်၍ ထိုအဆင့် ချဉ်ရည်စိမ်လေ။ကိုယ်ရောစိတ်ပါလိုရာရောက်ပြီးလျှင် အသက်တစ်ကမ္ဘာတည်တော့၏။
ဘော်၊ရွှေတစ်ပဲသားကျွေးပုံမှာ- လုံထဲသို့ ဘော်/ရွှေ တစ်ပဲသားထည့်၊အရည်ပျော်သော်ပြဒါးလုံးထည့်၊မီးဖြင့်နှပ်ထား၊နောက်မှ သံပုရာသီး ထပ်ထည့်၍အဆင့်တက်လေ။
၎င်းဓာတ်လုံးအားမိမိနှင့်အတူထားပါလေ၊သို့မဟုတ်မူ ဓာတ်လုံးပျောက်ကွယ်တတ်၏။ဆရာတစ်ဦးပျောက်ဖူးသဖြင့်စိုးရိမ်၍အမှာရှိသည်။
သဒိယံ ပါကံ ဇနေတိ
ဂန္ဓာရီခရီးသည် KYAW ZIN HTUT KHAUNG
No comments:
Post a Comment