Translate
Sunday, September 22, 2019
http://www.mediafire.com/download/dxjcnxs8n5lvwmh/%E1%80%99%E1%80%9F%E1%80%AC%E1%80%9E%E1%80%9B%E1%80%98%E1%80%B0%E1%80%99%E1%80%A5%E1%81%A8%E1%80%B4%E1%80%80%E1%80%BA%E1%80%99%E1%80%B9%E2%80%8B%E1%80%B8.pdf
လေတိုက်​တိုင်း ​ငွေလိုက်​​သော ``ရွက်​​လှေ´´ အစီအရင်
   ဒီအစီအရင်​က​တော့ ​ပေးထားတဲ့​ခေါင်းစဉ်​အတိုင်းပါပဲ... ​လေတိုက်​တိုင်း ​ငွေလိုက်​မယ့်​ ​ငွေဝင်​​မယ့်​ ​ရှေး​လောကီပညာအစီအရင်​တစ်​ခုပါပဲ....
   ပြုလုပ်​ရတာက လွယ်​ကူတာ​ကြောင့်​ အထင်​မ​သေးပါနဲ့....အလွန်​အစွမ်းထက်​လှပါတယ်​....
   လာဘ်​လာဘနည်းပါ​နေတဲ့ တပည့်​သား​မြေးများအတွက်​ ​လောကီဆရာကြီးများက လက်​ဆင့်​ကမ်းသင်​ကြားပြသ​ပေးခဲ့တဲ့ အစီအရင်​ပါ....
    လုပ်​ရမှာက
  ဝါးလုံး ဒါမှမဟုတ်​ ဝါးခြမ်းကို ​လှေပုံစံ​ပြုလုပ်​ပါ....​လှေကိုစက္ကူအဖြူနဲ့ကပ်​လိုက်​ပါ... ​လှေရဲ့အလယ်​မှာလည်း ဝါး​ချောင်းအ​သေးစားနဲ့ပဲဖြစ်​ဖြစ်​ ရွက်​တိုင်​ပုံလုပ်​ပါ....ရွက်​တိုင်​မှာလည်း စက္ကူအဖြူကို ရွက်​ပုံစံညှပ်​ပြီးကပ်​ပါ....
 ပြီးသွားရင်​​တော့ မိမိမြင်​ကွင်းနဲ့အဆင်​​ပြေမယ့်​​နေရာမှာထားပါ....
 ကြည့်​ဖန်​များလာတဲ့အခါမှာ​တော့ မိမိရဲ့စိတ်​စုစည်းအားအ​ပေါ်မှာမူတည်​ပြီး ​လှေ​လေးဟာ ရွက်​လွှင့်​လှုပ်​ရှားလာသလို ထင်​မြင်​လာပါမယ်​....
   အဲလိုအ​ခြေအ​နေ​ရောက်​ပြီဆိုရင်​ အစီအရင်​ ​အောင်​မြင်​ပါပြီ.....
  ဇွဲ​ကောင်း​ကောင်းနဲ့ပြုလုပ်​ရင်​ အင်​မတန်​အံ​​ဩဖွယ်​​ကောင်း​လောက်​​အောင်​ မိမိရဲ့စိတ်​တန်​ခိုးအစွမ်းကို​တွေ့မြင်​ရမှာဖြစ်​ပါတယ်​....
    ထူးဆန်းပြီး အစွမ်းထက်​တဲ့ ​ငွေဝင်​အစီအရင်​တစ်​ခုဖြစ်​​ကြောင်း​ပြောကြားရင်​ နိဂုံးချူပ်​အပ်​ပါသည်​....
Monday, September 9, 2019
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ ကျိုက်ထီးရိုးဘုရား သွားမှတ်တမ်း
https://my.pcloud.com/publink/show?code=KTKctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့အလောင်းတော်ကဿပခရီးသွားမှတ်တမ်း
http://pc.cd/YydctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့သီရိလင်္ကာသွားပုတီးစိပ်မှတ်တမ်း
http://pc.cd/myIctalK
Or )
http://pc.cd/K7IctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ ပုတီးစိပ်_ကိုယ်တွေ့မှတ်တမ်း အတွဲ ( ၁ )
http://pc.cd/9j6ctalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့  သိဒ္ဓိ_မဟိဒ္ဓိ_မန္တာန်ဝိဇ္ဇာထွက်ရပ်လမ်း_ကျမ်းမြတ်မဟာ
http://pc.cd/KAactalK
Or )
http://pc.cd/qaactalK
သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီး ဦးဝါယာမာဘိဝံသ ရဲ့ပင်မဂုဏ်တော်ပုတီးစိပ်နည်းစာအုပ်ပါ
https://my.pcloud.com/publink/show?code=XZ0RaxZf7OrnVaxYl5Tybl3GysCoHNOrVf7
ဗုဒ္ဓဂါယာဘုရားဖူးသွား ခရီးမှတ်တမ်း ဘယ်လိုမှ ရှာမရလို့ အဲ့တစ်ခုတော့ ကျန်ပါမယ်
သစ္စာအဓိဋ္ဌာန်ပညာအကျင့်လမ်း
https://www.mediafire.com/download/8b84858n9nfm79a
ပြေလည်စေလိုလျှင်ပြည်ကိုလာလည်ပါလား
https://www.mediafire.com/download/pvx8v9jcye2y93i
အန္တရာယ်ကင်းသိဒ္ဓိကြီးလေးပါးဂါထာများ
https://www.mediafire.com/download/486tjp55vn451jc
ဣစ္ဆာသယဓနသိဒ္ဓိငွေလာဘ်ခေါ်ယတြာအစီအရင်
https://www.mediafire.com/download/am8wq2jkcr53tk1
ဣစ္ဆာသယမဟာသိဒ္ဓိကျင့်စဉ်
https://www.mediafire.com/download/yi3xiagma8739cs
ဟိတသိဒ္ဓိပကာသနီကျမ်း၂
http://pc.cd/K1motalK
ဝိဇ္ဇာမှတ်တမ်း နှင့် ဝိဇ္ဇာရှင်းတမ်း ခေါ် ဝိဇ္ဇာဓရပကာသနီကျမ်း ( ဖတ်ကို ဖတ်ဖူးထားသင့်ပါတယ်   )
https://www.mediafire.com/download/ax99ixeps94e1vg
ဆရာ့ခြေရာ
https://www.mediafire.com/download/pk0hxwuc2car000
ဝိဇ္ဇာမယပညာမှတ်စုကျမ်း
https://www.mediafire.com/download/131sqpt7l9rclwa
ပဋိပတ္တိအကျင့်လမ်းနှင့်ကျန်းမာရေးဒဿနအမြင်
https://www.mediafire.com/download/wfyphoxfhkmzt6o
မဏိဇောတပတ္တမြားဂါထာတော်လေးပုဒ်၏သိဒ္ဓိဝင်ကျင့်စဉ်
https://www.mediafire.com/download/i8q735iba9chq59
မဟာသရဏဂုံအဖွင့်ကျမ်း
https://www.mediafire.com/download/pzm3m7yrvf3mnnt
သမ္ဗုဒ္ဓေဂါထာတော်အဖွင့်ကျမ်း
https://www.mediafire.com/download/bdrw79azbai7vpw
အရဟံဂုဏ်တော်၈၄၀၀၀ကျင့်ဆောင်ပုံ
https://www.mediafire.com/download/0ccacncqd624n19
ဝိဇ္ဇာမဟိဒ္ဓိဂါထာကျင့်စဉ်ကျမ်းမြတ်
https://www.mediafire.com/download/fqjlijw04bjc3rj
နှလုံးသားရွှေအိမ်၌မနောဓာတ်ဘုရားတည်ဆောက်ခြင်း
https://www.mediafire.com/download/cts9ffoxhbaw4uw
သရဏဂုံအစွမ်းဂုဏ်တော်မှန်းလျက်
https://www.mediafire.com/download/y7kvvl1037c24ol
သိဒ္ဓိရှင်နေအေး ( ဖတ်ဖူးထား သင့်ပါတယ် )
ရေးသူ- ကျော်မြသန်း
http://mmnetlibrary.blogspot.com/2016/03/kyaw-mya-than.html?m=1
ဘိုးတော်အောင်မင်းခေါင်နှင့်ဝိဇ္ဇာစခန်းဝိဇ္ဇာလမ်း(ဘုန်းတေဇ)
https://www.mediafire.com/?vd7pirdzzjdzdgm
ပထဝီဇယ မေတ္တာကျင့်စဉ် နှင့် ပထဝီဇယမန္တန်ကြီး
http://www.mediafire.com/?8vee8xf11cj2lh7
ပဋ္ဌမံထွက်ရပ်ပေါက်ကျမ်း
https://www.mediafire.com/?xa9y15aa9viokuf
ကတိသစ္စာ
ရေးသူ- ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
http://mmnetlibrary.blogspot.com/2015/07/blog-post_503.html…
credit to (KBRL)(burmeseclassic)(လင်းအိမ်သစ်)(ရန်ပိုင်)(မောင်မောင်ဝန်)(မောင်ကျော်)(စာအုပ်လင့်ပေါင်းစုံ)(Aung Pai)
Friday, August 23, 2019
စီးပွားသိဒ္ဓိ​ပေါက်​ ဘူးခါး​ခြောက်
   ဘူးခါး​ခြောက်​တစ်​လုံးကို ​ရွှေပိန်းချ၊ အထဲမှာ ​ငွေအ​ကြွေ၉မတ်​(ယခု​ခေတ်​၌ ​ငွေ၉ရာကျပ်​ထည့်​လည်းရ၏၊မတ်​​စေ့၉​စေ့ရက 
ပို၍​ကောင်း၏)ထည့်​၊ ​ကြေးနန်းကြိုးနှင့်​ ဘုရားခန်း​ရှေ့၌ ချိတ်​ဆွဲထား သို့မဟုတ်​ ဘုရားရှင်​အားကပ်​လှူ။
ဘူး ခါး​ ​ခြောက်​ = ၅+၂+၂=၉
ကိုးမတ်(သို့)​​ငွေကိုးရာ = ၉
ကြေးနန်း =၂+၇=၉
  နဝင်းကိုက်ဓာတ်​ဆင်​၍လှူဒါန်းကာ စီးပွား​ရေးအပွင့်​အလန်းဓာတ်​ဖွင့်​ခြင်းဖြစ်​ပါ၏။...။
   ဤအစီအရင်​ဖြင့်​ စီးပွား​ရေးများ ​ဒီ​ရေအလားတိုးပွားလာမည်​...... ထိုအခါ အဇ္ဈာသယ(​မျှော်​လင့်​ချက်​မပါဘဲလှူဒါန်းခြင်း)အမှု ပြုလုပ်​​ပေးပါ......
       သဒိသံ ပါကံ ဇ​နေတိ
ပီယဆေး
အရုဏ်နံနက် စီးပွားတက်
   ပုဗ္ဗဏှ ဆိုတာ နံနက်ခင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် နံနက်စောစော အရုဏ်တက်ချိန်မှာ ပုဗ္ဗဏှသုတ်တော်ကိုရွတ်ဆိုပူဇော်ခြင်းဖြင့် ကောင်းကျိုးမင်္ဂလာချမ်းသာရစေဖို့၊စိတ်ချမ်းသာ ကိုယ်ချမ်းသာ လိုရာဆန္ဒပြည့်ဝ အကြံအစည်များအထမြောက်စေဖို့ အရုဏ်တက်ချိန်ကို သိမှတ်ထားဖို့လို့ပြန်ပါတယ်။
  ကောင်းတာလုပ်တာအချိန်နက္ခတ် ရွေးဖို့မလိုပေမယ့် အခုလိုမျိုး အချိန်ရွေးပြီးရွတ်ဖတ်ပူဇော်တာဟာ အချိုပေါ်သကာလောင်းသလို အကျိုးထူးများရရှိမယ် ဆိုတာကို လက့်တွေကျင့်ဆောင်သူမှသာ သိလိမ့်မယ်ဖြစ်ပါတယ်။
အရုဏ်တက်ချိန်တွေကတော့-
လတိုင်း 
တန်ခူးလ နှင့်​ သီတင်းကျွတ်​ (၅းဝဝ)
ကဆုန်​လ နှင့်​ ​တော်​သလင်းလ (၄း၅ဝ)
နယုန်​လ နှင့်​ ဝါ​ခေါင်​လ (၄း၄၀)
ဝါဆိုလ (၄း၃ဝ)
တန်​​ဆောင်​မုန်း နှင့်​ တ​ပေါင်းလ (၅း၁ဝ)
နတ်​​တော်​လ နှင့်​ တပို့တွဲလ (၅း၂ဝ)
ပြာသိုလ (၅း၃ဝ)
                ဂန္ဓာရီခရီးသည်​​  sayar kyaw zin htut khaung
ဗုဒ္ဓ ဂုဏ်တော် ဉာဏ်တော် ဂါထာတော်
      ဗုဒ္ဓ ဂုဏ်တော် ဉာဏ်တော် ဂါထာ
နမော ဗုဒ္ဓါယ၊ဣတိ ပိသော ဘဂဝါ
ပုဗ္ဗေ နိဝါသာ နုဿတိ ဉာဏံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊အရဟံ
သမ္မာ သမ္ဗုဒ္ဓေါ၊ဒိဗ္ဗ စက္ခုဉာဏံ
ဓမ္မံသရဏံ ဂစ္ဆာမိ၊ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော၊လောကဝိဒူ၊အာသဝက္ခယ ဉာဏံ၊
သံဃံ သရဏံ ဂစ္ဆာမိ၊အနုတ္တရော ပုရိသ
ဓမ္မ သာရထိ၊သဗ္ဗ ဣစ္ဆိတံ စက္ခုဝိညာဏဉ္စ
သတ္ထာ ဒေဝ မနုဿနံ၊ပူရေ န္တောပိ၊
ဗုဒ္ဓေါ၊ဘဂဝါတိ။
မနော မယိဒ္ဓိ ဘဝန္တု မေ။
၎င်းဂါထာတော်မြတ်ကို တစ်နေ့လျှင် ၁၀၈ လုံးပုတီးဖြင့် တစ်နေ့တစ်ပတ်စိပ်ပါ။(သို့မဟုတ်)
(၁၁၁)ခေါက်နေ့စဉ်ရွတ်ပါ။ဤသို့ဖြင့် (၂) နှစ်ကျော်ခန့် ပုတီးစိပ်/ဂါထာရွတ်ပါက အိမ်ပိုင်ရရှိစေနိုင်ပါသည်။ကျန်းမာ ချမ်းသာစေသော ဂါထာမြတ်ဖြစ်သည်။ရေစကြိုမြို့မှ ဦးချင်း သူဌေးဖြစ်သော ဂါထာတော်ဟု ရွှေပြည့်ငွေလျှံ အမွှေးတိုင်အထုပ်ကြီးတွင် ညွှန်းဆိုဖော်ပြထားပါသည်။
Tuesday, August 20, 2019
ဆရာတော်ကြီး ဦးကောဝိဒ မိန့်မှာသည်မှာ
ဆရာတော်ကြီး ဦးကောဝိဒ မိန့်မှာသည်မှာ
" ဒကာ ဒကာမကြီးတို့ အိမ်မှာ နေ့စဉ် ဘုရားစင်မှာ ဘုရားပန်းမပြတ်စေနဲ့ ဆီမီး သောက်တော်ရေ မပြတ်စေနဲ့ လင်မယား အိပ်ခန်း မလှရင်နေ ဘုရားစင်ကို အမြဲ လှအောင်ပြင်ထားကြပါ ဆရာတော်ကြီး သာဓုခေါ်မယ်..
အဲ့လို အိမ်မျိုးကို ဆရာတော်ကြီး ကို ပင့်ပါ။ ညအိပ်ယာဝင် ၁၀ နာရီထိုးရင် ဘုရားစင်ရှေ့မှာ နေကထိုင်ခင်းထားပြီး ပင့်ပါ။ ကိုယ်တိုင် အိမ်ပေါက်စေ့ ကြွလာမယ်..အဲ့ဒိအခါ လိုရာကို လျှောက်ထားကြပါ။ ကျန်းမာရေး စီပွားရေး အခတ်အခဲ မကောင်းလို့ ဆေးပေးသွားရင် အဆောင်ပေးသွားရင် တို့ဘဲ
ယတြာချေပေးမယ်လို့ ငွေတောင်းသွားရင် ပစ္စည်းတောင်းသွားရင် တို့မဟုတ်ဘူး..
ဘုရားကိုးကွယ်..၊ တရားကိုးကွယ်..၊သံဃာ ကိုးကွယ်ရင် ခွေးဖြစ်နေပလေ့စေ
တို့ ဂိုဏ်းပဲ။ တိုင်းပြည် ခေါင်းဆောင်များ ၊ ရပ်ရွာ ခေါင်းဆောင်များ ၊ မိဘ များကို အမြဲ မေတ္တာ ပို့ရမယ်..အမြဲတမ်း အေးချမ်းသာယာတဲ့ သာသနာတိုင်းပြည် ဖြစ်အောင် မကောင်းတာ မပြောနဲ့ မကောင်းတာ မကြံနဲ့ ၊ တို့ "မ" မယ်..
ဝ အောင် ကြွေးမယ်..။ ငါ ကောဝိဒ အပြောနဲ့မဟုတ်ဘူး အလုပ်နဲ့
သက်သေပြမယ်..ဘုရား၊တရား၊သံဃာ အားကိုးပါ ။လိုတာပြည့်စုံစေရမယ်.."
Post by.- ဂန္ဓာရီခရီးသည်​      sayar kyaw zin htut khaung
အန္တရာယ်​ကင်းဂါထာ​တော်
မျက်နှာပွင့်​၊စန်းပွင့်​​စေရန်
မျက်​နှာပွင့်​၊စန်းပွင့်​​စေရန်​မနက်​အိပ်​ရာထပြီးမျက်​နှာတစ်​ခါသစ်​ပါ။ထို့​နောက်​​ရေသန့်​သန့်​တစ်​ခွက်​ခပ်​ကာ-
     ``ဗုဒ္ဓံ ဓမ္မံ သံဃဉ္စ မာတ​င်္ဂေါ
        ဣတ္ထိ​ယော ပုရိသ ဓမ္မာနာနံ
       ပီယ လာဘံ ​ဒေမ´´
ဂါထာဖြင့်​(၇)​ခေါက်​ရွတ်​ပြီးထို​ရေဖြင့်​မျက်​နှာတစ်​​ခေါက်​ပြန်​သစ်​ပါ။ချစ်​သူခင်​သူဝိုင်းဝိုင်းလည်​၍စန်းအလွန်​ပွင့်​ပါလိမ့်​မည်​။
စိုးရိမ်​​ကြောင့်​ကြမရှိလို​​ကြောင်းဆု​တောင်းဂါထာ
စိုးရိမ်​​ကြောင့်​ကြမရှိလို​​ကြောင်းဆု​တောင်းဂါထာ
       ``ဒသာ သုတ္တံပိ ​မေ ​ဘောဂ၊ံ
         ပဉ္စ​ဝေရာ ဘ​ဝေ ဘ​ဝေ။
        မာဂ​ဏှေယဉ္စ နေဿယျုံ၊
        အ​သော​ကော ​ဘောဂ​ဟေတု ​မေ။´´
  ဘ​ဝေ ဘ​ဝေ-ဘဝတိုင်း ဘဝတိုင်း၌ ၊​မေ-ငါ
၏၊​ဘောဂံ-စည်းစိမ်​ကို၊ဒသာသုတ္တံပိ-မိစ္ဆာချည်​တစ်​မျှကိုလည်း၊ပဉ္စ​ဝေရာ-​ရေ၊မီး၊မင်း၊ခိုးသူတည်းဟူ​သော လူတွင်​ကျယ်​ညစ်​မချစ်​မုန်းထား ငါးပါး​သောရန်​သူတို့သည်​၊မာဂ​ဏှေယဉ္စ-ယူလည်းမယူနိုင်​​စေကုန်​သတည်း၊နေဿယျုံ-ဖျက်​လည်းမဖျက်​ဆီး​​​စေနိုင်​​ကုန်​သတည်း၊​ဘောဂ​ဟေတု-ဥစ္စာဟူ​သောအ​ကြောင်း​ကြောင့်​၊​မေ-ကျွနု​ပ်​အား၊အ​သောက-စိုးရိမ်​​ကြောင့်​ကြမရှိသည်​၊​ဟောတု-ဖြစ်​ပါ​စေသတည်း။.....။
       အဲဒီဂါထာကိုကိုယ်​ဘုရားရှိခိုးတိုင်း၊ည,အိပ်​ရာဝင်​တိုင်းပုံမှန်​ရွတ်​ဆို​ပေးရင်​မိမိရဲ့စီးပွားဥစ္စာပိုင်​ဆိုင်​မှု​တွေဟာဘယ်​လိုအ​ကြောင်း​ကြောင့်​နဲ့မှမပျက်​ဆီးနိုင်​၊သူတစ်​ပါးကမဖျက်​ဆီးနိုင်​ပါဘူး။ကြွေး​ဟောင်း၊​ကြွေးမြီရစရာရှိတဲ့သူ​တွေလည်းရွတ်​နိုင်​ပါတယ်​။
Red Magic Spell
Red Magic Spell kyaw zin htut khaung
ခုတင်ပြမှာက Black Magic လည်းမဟုတ်ဘူး ... White Magic လည်းမဟုတ်ဘူး ... Red Magic လို့ခေါ်ပါတယ် ... ဒဲ့ဘာသာပြန်ရင် .. အနီရောင်မှော်ပညာပေါ့ဗျာ ... သွယ်ဝိုက်ဘာသာပြန်ရရင် ... အလယ်လမ်းလောကီပညာပေါ့ ... ဒီပညာရပ်ကတကယ်လေ့လာရင် အရမ်းကျယ်ဝန်းပါတယ် ... တော်ရုံလူတွေမသိအောင် ၀ှက်ဖဲတွေနဲ့ထားတတ်တဲ့လောကီပညာကို
ကျနော်ကရစေလို ... သိစေလိုတဲ့စေတနာနဲ့ မကျဉ်းမကျယ်တင်ပြနေခြင်းပါ ... အရင်ကလည်း ဒါမျိုးတွေတင်ပြခဲ့ဖူးပါတယ် ... ပြန်ရှာဖတ်ကြပါ ... ခုဟာကတော့ တမျိုးဗျ ... ဆားလက်သုံးဆုပ်စာကို စားပွဲတစ်လုံးပေါ်မှာ စက်ဝိုင်းပုံဖြန့်ခင်းလိုက်ပါ ... ပြီးရင် စက်ဝိုင်းအလယ်မှာ ဖယောင်းတိုင် အနီတစ်တိုင်ထွန်းပါ ... ပြီးရင် ကိုယ်ညှို့ဓာတ်ပေးမယ့် ဓာတ်ပုံကို မှတ်မိအောင် တခဏကြည့်ထားပါ ... နဂိုကတည်းက မှတ်မိတယ် ... အာရုံပြုနိုင်တယ်ဆိုရင် ကြည့်မနေပါနဲ့ ... မလိုပါဘူး .. ပြီးရင် ဖယောင်းတိုင်မီးတောက်ထဲက အပြာရောင်မီးညွန့်ကလေးကို စူးစူးစိုက်စိုက်ကြည့်လိုက်ပါ ... တတ်နိုင်သရွေ့မျက်တောင်မခတ်မိပါစေနဲ့ ... တပြိုင်နက်မှာပဲ ... ညှို့ဓာတ်ပေးလိုသူကိုမြင်ယောင်ထားပါ ... အပြောလွယ်သလောက် အလုပ်ခက်ပါတယ် ... ဖြေးဖြေးလုပ်ပါ ... မလောပါနဲ့ ... ဒီတခဏလေးအတွင်းမှာ ... အောက်ပါမန္တန်ကို တတ်အားသမျှရွတ်ဖတ်ပါ ...
Autho Spacto Gabo ...
ဒီမန္တန်က အနီရောင်လောကီပညာရှင်ကြီးတွေ မှော်ဆင့်တက်တဲ့နေရာမှာတွင်တွင်ကြီးအသုံးချကြပါတယ် ... မှတ်မိအောင်မှတ်ထားကြပါ ... လိုအပ်ရင် ... မသေချာမှာစိုးရင် မှတ်စုထဲကူးထည့်ထားကြပါ ... အရေးကြီးပါတယ် ... ရင်ထဲဘ၀င်ကျတဲ့အထိရွတ်ပြီးတာနဲ့ ... စေလိုရာစေပါ ... နောက်နေ့အဲဒီလူနဲ့စကားပြောကြည့်လိုက်ပါ ... ဘာထူးလဲ ... ကိုယ့်ဘာသာစမ်းကြတော့ဗျာ ... ဒါပါပဲ ...
(၇)ရက်​သားသမီးများ ကံမနိမ့်​​အောင်
(၇)ရက်​သားသမီးများ ကံမနိမ့်​​အောင်
 တနင်္ဂနွေ သားသမီးဖြစ်သော် ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့်ပါ။ အပေါ်မှ သကြားဖြူး ပါ။ တနင်္ဂနွေနေ့ နံက် (၉း၄၅) တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါလေ...။တနင်္လာ သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီးအပြည့် ထည့်၍ တနင်္လာနေ့ နံက် (၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပါလေ။အင်္ဂါ သားသမီး ဖြစ်သော် ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချဉ်း ငါးပုံ ပုံ၍ အင်္ဂါနေပ နံက် (၉း၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါလေ။
ဗုဒ္ဓဟူး သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ။ကြာသပတေး သားသမီးဖြစ်သော် သရက်သီး (၆)စိပ်ကို ကြာသပတေးနေ့ နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါလေ...။သောကြာ သားသမီး ဖြစ်သော် ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို အစိမ်း အတိုင်းထည့်၍ သောကြာနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ...။စနေ သားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူ ပူဇော်ပါလေ...။ (အဘမင်းသိင်္ခယတြာများ)
လူတိုင်းသိထားသင့်သောရှောင်ရန်၊ဆောင်ရန်အချက်လေးများ
လူတိုင်းသိထားသင့်သောရှောင်ရန်၊ဆောင်ရန်အချက်လေးများ
လာဘ်ပိတ်တဲ့ကိစ္စတွေအကြောင်းနဲ့အခြားရှောင်စရာလေးတွေအကြောင်းပြောချင်ပါတယ်။ရှေးလူကြီးတွေပြောတတ်တဲ့ အကြောင်းအရာတွေ စုပေးထားတာပါ။မြန်မာလူမျိုးတွေရဲ့ စည်းကမ်းလေးတွေပါ။
၁။ ဘုန်းကြီးကျောင်းက ပစ္စည်းအိမ်မှာ မသုံးရ။
၂။ဆွမ်းတော်တင် မစားရ။
၃။ဘုရားညောင်ရေအိုး စုံမထားရ။(ဘုရားပန်းအိုးမဟုတ်ပါ။ညောင်ရေအိုး ပါ)
၎။လင်၏ လက်ယာဘက်တွင် ဇနီးမအိပ်ရ။
၅။ကိုယ်ထက်အသက်ကြီးသူထက် မြင့်တဲ့နေရာမှာ မထိုင်ရ။
၆။ဥပုသ်နေ့ ခေါင်းမလျှော်ရ။
၇။တစ်ချိန်တည်း(သို့) တစ်နှစ်တည်း သုံးမင်္ဂလာမလုပ်ရ။
၈။ဝါတွင်း အိမ်ထောင်မပြုရ။
၉။ဝါတွင်း အိမ်မပြောင်းရ။
၁၀။ဝါတွင်း ခေါင်းအုံး မချုပ်ရ။
၁၁။ညအခါ သန်းမရှာရ။
၁၂။အလကားနေရင်း သန်းဥ မဆွဲရ။
၁၃။ညအချိန် လေမချွန်ရ။
၁၄။ညဘက်တွင် ဓါးသွေးခြင်းမပြုရ။
၁၅။ညအချိန်မှာ လက်သည်း ခြေသည်း မညှပ်ရ။
၁၆။ညအချိန် ဆံ၊မုတ်ဆိတ်မရိတ်ရ။
၁၇။ဆိုင်ခုံမှာ လက်မထောက်ရ။
၁၈။ပြာသိုလ၊တပေါင်းလတွင် အိမ်မပြောင်းရ။
၁၉။အိမ်ထောင့်တွင် ဘူးပင်မစိုက်ရ။
၂၀။ကျောက်နီလက်စွပ်နှစ်ကွင်းထပ် မ၀တ်ရ။
၂၁။ထမင်းစားလျှင် ပါစပ်မှ ပျက်ပျက်မမြည်ရ။
၂၂။ထမင်းစားလျှင် ဇွန်းသံ မမြည်ရ။
၂၃။ထမင်း စားလျှင် လူကြီးထက် အရင်မစားရ၊အရင် ဟင်းမနှိုက်ရ။
၂၄။မိန်းမကယောင်္ကျားကို ခြေဖြင့်မတို့ရ၊မကန်ရ။
၂၄။ခြေသံ ပြင်းပြင်းမနင်းရ။
၂၅။အပျိုမိန်းခလေး ပန်းနီမပန်ရ။
၂၆။ချစ်သူကို လက်ကိုင်ပုဝါ မပေးရ။
၂၇။မျက်ရည်ခံမှည့်ပါသူကို အိမ်ထောင်မပြုရ။
၂၈။မီးဖိုချောင် နှင့် ထမင်းစားပွဲ မှာ အိပ်မက်အကြောင်းမပြောရ။
၂၉။မင်္ဂလာဆောင်တွင် ပုဂံ၊အိုးခွက် မကွဲရ။
၃၀။မင်္ဂလာဆောင်အား မုဆိုးမ၊တစ်ခုလပ် မပြင်ရ။
၃၁။နှစ်ဆန်းတစ်ရက်နေ့မှာ ပိုက်ဆံမသုံးရ။
၃၂။အသုဘ အိမ် သနပ်ခါး လိမ်းပြီးမသွားရ။
၃၃။အသုဘခေါင်း မလဲရ။
၃၄။ခေါင်ရမ်းပန်း မပန်ရ။
၃၅။အသုဘ ရက်စုံ မထားရ။
၃၅။မင်္ဂလာဆောင်သို့ ကိုယ်ဝန်ဆောင်မသွားရ။
၃၆။ညမှောင်လျှင် ကလေးကို အိမ်အပြင်ကို ချီမထွက်ရ။
၃၇။ညဥ့်ဘက် အိမ်အပြင် ဆံပင်မဖြန်ရ။
၃၈။ညဥ့်ဘက် သားစိမ်းငါးစိမ်းကို အိမ်အတွင်းသို့ မယူရ။
၃၉။လှေကားထစ် စုံ မထားရ။
၄၀။အိပ်ရာထ မျက်နှာ မသစ်ဘဲ အစာမစားရ။
၄၁။နတ်အုန်းဆွဲတဲ့ အခန်းမှာ လင်စုံမယားဖက် မအိပ်ရ။
၄၂။စလောင်းဖုံးနှစ်ချပ် မတီးရ။
၄၃။ယောင်းမနှင့် ထမင်းအိုးနှုတ်ခမ်း မရိုက်ရ။
၄၄။ထမင်းချက် လျှင် သီချင်းမဆိုရ။
၄၅။ထမင်းစားလျှင် သီချင်း မဆိုရ။
၄၆။အိမ်သား တစ်ဦးနေမကောင်းလျှင် ခေါင်းမလျှော်ရ။
၄၇။အိမ်သားတစ်ဦး ခရီးသွားလျှင် ခေါင်းမလျှော်ရ။
၄၈။ထဘီစောက်ထိုး မ၀တ်ရ။
၄၉။အိမ်ရှေ့ ငှက်ပျော ပင်မစိုက်ရ။
၅၀။လက်ဖက်စားပြီး ကလေးမနမ်းရ။
၅၁။ကတ်ကြေး စသည်တို့ကို ဘာမှမပါဘဲ မညှတ်ရ။
၅၂။အိမ်မှာ ဇယ်မခုတ်ရ
  စတာ​တွေဘဲဖြစ်​ပါတယ်​။အဲဒီအချက်​​တွေကို​ရှောင်​ရှားနိုင်​​စေဖို့တင်​ပြလိုက်​ရခြင်းဖြစ်​ပါတယ်​......
ပီယ​ဆီမန်း
ပီယ​ဆီမန်း
ပီယဆီမန်းနည်း​တွေထဲကတစ်​နည်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​၊သစ္စာရှိဖို့
၊ကာ​မေသု​ရှောင်​ဖို့​တော့အထူးသတိထား​စေလိုပါတယ်​.....
ဥုံကာသဟဿံ၊ဖလံပုညံ၊သဗ္ဗေသက္ခိဇိန္တွ၊ရက္ခဂံ ဇန္တံ၊ဂဇရူပံ၊ ပရိဒေ၀ံ။ဘဂနာသရိအိုင်။မဟာပိန်းနဲ ရက္ခယ။မမသန္တိကံ သဗ္ဗနာရာသဗ္ဗလာဘံ ၊ဧဟိတိဒေဟိတိ၊ ဥုံသွားဟုံဟုံ
မဆစ်ဆီ တွင် တစ်ထောင်ပြည့်အောင်စုတ်၊ သွားခါနီး နဖူး တွင်သုတ်၍သွား ပီယ ကောင်း၏။(သစ္စာရှိပါလေ..)          sayar kyaw zin htut khaung
ဥာဏ်​ပညာထက်​မြက်​​စေရာရှင်​ပတိဿဂါထာ
ဥာဏ်​ပညာထက်​မြက်​​စေရာရှင်​ပတိဿဂါထာ
     ဧတဒဂ္ဂံ ဘိက္ခ​ဝေ မမသဝကာနံ ဘိက္ခူနံ၊
     မဟာ ပညာနံ ယဒိဒံ သာရိပု​တ္တော၊
     တံ မဟာ​ထေရံ ဝန္ဒာမိ၊တထာ​မေ ​ဟောတု။
ဤဂါထာအားဥာဏ်​ပညာထက်​မြက်​လို​သော(၇)ရက်​သားသမီးအ​ပေါင်းတို့ရွတ်​​ဆိုအပ်​​ပေသည်​။
ဘုရားရှင်​ချီးမွမ်း​တော်​မူ​သောရှင်​သာရိပုတ္တရာ၏ဥာဏ်​​တော်အားရှိခိုး၊ဆု​တောင်း​သောဂါထာလည်းဖြစ်​၏။        sayar kyaw zin htut khaung
လုပ်​ကိုင်​ကြံစည်​သမျှ​ဇောက်​ထိုးမိုး​မျှော်​ဖြစ်​​နေ​သော်
လုပ်​ကိုင်​ကြံစည်​သမျှ​ဇောက်​ထိုးမိုး​မျှော်​ဖြစ်​​နေ​သော်
     မိမိ​မွေး​နေ့နံနက်​​လေးနာရီခန့်​တွင်​လမ်းဆုံလမ်းခွတစ်​​နေရာ၌ဖိနပ်​အသစ်​တစ်​ရံကို​ပြောင်းပြန်​​မှောက်​ထားခဲ့ပြီး
``ဤဖိနပ်​ကိုတစ်​စုံတစ်​​ယောက်​​တွေ့ရှိသည့်​အချိန်​ကစ၍မိမိတွင်​အ​ဆင်​မ​ပြေအလွဲလွဲအ​ချော်​​ချော်​ဖြစ်​​နေ​သောအရာအားလုံးတည့်​မတ်​အ​ဆင်​​ပြေသွားပါ​စေ´´ ဟု​ဆု​တောင်းပါ။
မိမိကိစ္စအဆင်​​ပြေသွားပါလိမ့်​မည်​။
ကာယ၊ပီယ သိဒ္ဓိနှစ်​ဖြာပြီးစီး​စေ​သော ဓာတ်​လုံးစီရင်​နည်း
ကာယ၊ပီယ သိဒ္ဓိနှစ်​ဖြာပြီးစီး​စေ​သော ဓာတ်​လုံးစီရင်​နည်း
 ၁။ ဘင်​                       (၇)မူး
 ၂။ ပြဒါး                      (၆)မူး
 ၃။ ဂျွတ်​                      (၃)မူး
 ၄။ သွပ်​                       (၁)မူး
 ၅။ အ​ခေါက်​​ရွှေ           (၁)မူး
     ယင်း(၅)မျိုးအားနှမ်းဆီ၊ဝက်​ဆီ၊​မြွေ​ပွေးဆီ၊​ထောပတ်​ဆီ တို့အားခံရည်​​လောင်း၍
အန္တိမအဆုံးတွင်​တစ်​မူးသား သာကျန်​​အောင်​ထိုးရမည်​။
အဖြူ​ရောင်​​မှော်​ပညာ
အဖြူ​ရောင်​​မှော်​ပညာ
ဒီနည်းက အသုံးကျမယ်​လို့ထင်​ပါတယ်​ ... စာ​ပေးစာယူသင်​တန်းတက်​တုန်းက သင်​ခန်းစာတစ်​ခုပါ ... မိမိကို တကယ်​ချစ်​တဲ့သူသာ မိမိအနားကပ်​​စေနိုင်​တဲ့နည်းပါ ... လျှို့ဝှက်​စွာလုပ်​ရမယ့်​​မှော်​နည်းလမ်းပါ ... တစ်​ခု​တော့ကြိုသတိ​ပေးပါရ​စေ ... ဒီနည်းကို လက်​​တွေ့စမ်းသပ်​ကြည့်​တဲ့အခါ ...
ရှိ​နေတဲ့ချစ်​သူ​တွေနဲ့ ကွဲကုန်​တာ​တွေ့ရပါတယ်​ ... ပထမ​တော့ကျ​နော်​သတိမထားမိပါဘူး ... ​နောက်​မှသတိပြုမိတာက
အဲဒီလူ​တွေဟာ တကယ်​မချစ်​ကြပဲ ... သစ္စာမဲ့သူ၊ ဟန်​​ဆောင်​သူ​တွေဖြစ်​​နေကြတဲ့အတွက်​ ဒီအစီရင်​က Auto ဖယ်​ရှားလိုက်​တာဖြစ်​ပါတယ်​ ... ဒီ​တော့ ... လိုအပ်​ရင်​သုံးပါ ... ခင်​ဗျားတို့ချစ်​သူ​တွေက တကယ့်​အစစ်​မဟုတ်​လို့ ကွဲကုန်​ရင်​ တာဝန်​မယူဘူး​နော်​ ... :-D
စီရင်​ပုံ
______
အနီ​ရောင်​စာရွက်​ကို အသဲပုံညှပ်​ပါ ... အဲဒီအ​ပေါ်မှာ ​အောက်​ပါမန္တန်​ကို ​ရေးပါ ...
"As this heart shines in candlelight,
I draw you to me tonight"
ပြီးရင်​ ဖ​ယောင်းတိုင်​ အဖြူတစ်​တိုင်​ကိုထွန်းပြီး မီးနဲ့အနီးဆုံး​ရောက်​​အောင်​ အသဲပုံ​လေးကို ကိုင်​ထားပါ ... အဲဒီအချိန်​​လေးမှာ အထက်​ကမန္တန်​ကိုပဲ အသံထွက်​ပြီး ၃ ကြိမ်​ရွတ်​ပါ .. ပြီးရင်​ စာအိတ်​တစ်​လုံးထဲ ထည့်​ ၊ ဖ​ယောင်းရည်​သုံးပြီး ချိတ်​ပိတ်​သလို စာအိတ်​ကိုပြန်​ပိတ်​ပါ ... ပြီးရင်​ ​ခေါင်းအုံး​အောက်​ထားပြီး
ဖူးစာအစစ်​အမှန်​ ... ငါ၏ထံ ...
လို့​ပြောပြီးအိပ်​ပါ ...
ဒီအစီရင်​ကို လဆန်း တစ်​ရက်​​နေ့လုပ်​ပါ ... ​နောက်​လဆန်းမှာ အသစ်​ထပ်​မံလဲ​ပေးပါ ... ညဘက်​စီရင်​ရမှာဖြစ်​ပါတယ်​ ... လ​ရောင်​၀င်​တဲ့အခန်းထဲမှာ လျှပ်​စစ်​မီးပိတ်​ပြီး စီရင်​သင့်​ပါတယ်...
ဥာဏ်ပညာထက်မြက်စေတဲ့မန္တန်
ဥာဏ်ပညာထက်မြက်စေတဲ့မန္တန်
ယုံကြည်ရင်သုံးကြည့်ပါ ... အပြောလွယ်လို့ အလွယ်မပြောမိပါစေနဲ့ ... ဒီနည်းက စာကျက်ပြီးမေ့လွယ်သူတွေ ... ပင်ကိုယ်မှတ်ဥာဏ်စွမ်းအားနည်းသူတွေ ... အာရုံကြောအားနည်းသူတွေအတွက် အထူးအဆင်ပြေစေပါတယ် ... အနောက်တိုင်းကျမ်းတွေမှာ တခမ်းတနားဖော်ပြနေရတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်
... ယုံကြည်မှုရှိဖို့တော့အထူးလိုအပ်ပါတယ် ... ဘာကြောင့်လဲဆိုရင် ဂမ္ဘီရပညာရပ်တိုင်းဟာ မှော်ဆန်နေလို့ပါ ... သာမန်အားဖြင့်ယုံရခပ်ခက်ခက်ဖြစ်ချင်ဖြစ်နေတတ်ပါတယ် ... ယုံမှကြည်မှာဖြစ်ပါတယ် ... အတင်းယုံပါလို့တိုက်တွန်းနေတာမဟုတ်ဘူးနော် ... မယုံမကြည်နဲ့လုပ်ဆောင်ပြီး တစုံတရာမှားခဲ့ရင် တာဝန်မယူနိုင်တာကြောင့်ပါ ... မယုံရင် လုံးဝမလုပ်ဖို့ အတန်တန်သတိပေးပါရစေ ... တချို့ပညာရပ်တွေက အစမ်းမခံပါဘူး ... စမ်းရလောက်တဲ့သိပ္ပံပညာလည်းမဟုတ်ဘူးလေ ... ဒါပေမယ့် ... အကျိုးလိုအပ်လို့ယုံယုံကြည်ကြည်လုပ်မယ်ဆိုရင်တော့ သေချာပေါက်ထူးမှာပါ ... ခင်ဗျားတို့သုံးနေတဲ့ ဆေးရောင်စုံရိုက် စက္ကူတွေကို ပိုက်ဆံလို့ယုံကြည်နေသလိုမျိုး ယုံကြည်စွာအသုံးပြုကြည့်ပါ ...
ဖယောင်းဖြူတစ်တိုင်ကို မီးထွန်းလိုက်ပါ ...
ဒယ်အိုးတစ်လုံးထဲမှာ ဂျုံ ( သို့ ) ဆန်စေ့ လက်တစ်ဆုပ်ထည့်ပါ ... ပြီးရင် လက်ယာရစ် လက်နဲ့ပဲမွှေပါ ... မွှေနေချိန် အောက်ပါမန္တန်ကို ရွတ်ဆိုပါ ...
"Ceridwen, Ceridwen, I seek your favor Just as you searched for the boy Gwion So I search for the power of Awen Inspiration to be what I must, to discover the known, And to flow with change. Grant, I pray, this power."
၃ ခေါက်ပြည့်ရင် ရပ်ပါ ... ဖယောင်းတိုင်းကို မီးငြိမ်းလိုက်ပါ။
အဲဒီကရတဲ့ဆန် ... ဂျုံ ကိုချက်စားပါ ... တစ်ခုခုလုပ်စားပါ .. ပေါက်ပေါက်ဖောက်စားရင်ပိုပြီး
အစွမ်းထက်ပါတယ် ... တစ်လတစ်ခါလုပ်ပါ ... မှတ်ဥာဏ်သိသိသာသာကောင်းမွန်လာတာကိုတွေ့ရပါမယ် ... အဆင်ပြေကြပါစေ ....
ငွေဝင်​​အောင်​ ​ငွေဖိတ်​​ခေါ်နည်း
ငွေဝင်​​အောင်​ ​ငွေဖိတ်​​ခေါ်နည်း
ငွေဖိတ်​​ခေါ်ဖို့အတွက်​ စဉ်းစားရမှာ​တွေကအများကြီးရှိ​နေပါတယ်​ .... သာမန်​ဆိုရင်​​တော့ ဘာမှစဉ်းစားမ​နေပဲ ... ​ငွေ ( ၂င်္လာ ) ကို အ၀င်​ဓာတ်​ဆင်​လိုက်​ရုံနဲ့ပြီးပါတယ်​ ... ဒါ​ပေမယ့်​ ကျ​နော်​က​တော့ အများကြီးထည့်​သွင်းစဉ်းစားပါတယ်​ ... ဒီလို​သေ​သေချာချာစဉ်းစားခဲ့လို့လည်း ဓာတ်​ရိုက်​ပညာမှာ ​အောင်​ပွဲခံခဲ့တာလို့ ယုံကြည်​ပါတယ်​ ... ​ငွေဝင်​ချင်​တယ်​ဆိုတိုင်း
ငွေဝင်​​အောင်​မလုပ်​နိုင်​​သေးပါဘူးခင်​ဗျာ ... ​ငွေဝင်​ကံရှိ​နေမှသာ ​ငွေဝင်​​အောင်​လုပ်​နိုင်​ပါလိမ့်​မယ်​ ... ရှင်း​အောင်​နည်းနည်း​ပြောရရင်​ ... အိမ်​​ရှေ့မှာ​ရေကန်​ကြီးရှိ​ပေမယ့်​ သူ့အလိုလို​တော့ အိမ်​ထဲကို​ရေ​တွေဝင်​မလာနိုင်​ပါဘူး ... ​ရေ​တွေဝင်​လာ​စေချင်​ရင်​​တော့ ​မြောင်း​ဖောက်​​ပေးမှဖြစ်​ပါလိမ့်​မယ်​ ... ဒီလိုပဲ ... ​ငွေဝင်​ကံရှိ​နေ​ပေမယ့်​ ကိုယ်​က၀င်​လာ​အောင်
အသက်​မှန်​ကို ၄ နဲ့​မြှောက်​ပါ ... အ​ရေအတွက်​အတိုင်းမုန့်​လုံး​ရေ​ပေါ်လုံးပါ ... ပြီးရင်​ ​ကြွေပန်းကန်​တစ်​ချပ်​ထဲ အင်​ဖက်​ခင်းပြီး မုန့်​လုံး​ရေ​ပေါ် ၁၀ လုံးထည့်​ပါ ... ကျန်​တာကို​တော့ ​ဝေလို​ဝေ ၊ စားလိုစားပါ ... အဲဒါကို တနင်္လာ​နေ့ မနက်​ ၉း၄၅ မှာလှူ​ပေးရပါမယ်​ ... တစ်​လတခါလုပ်​ကြည့်​ပါ ... လှူထားတုန်းခဏမှာ ဒိဝါတပတိဂါထာရွတ်​တာတို့ဘာတို့ လုပ်​ချင်​လုပ်​​ပေါ့ ... ဘယ်​​လောက်​ထိ​ရောက်​သလဲဆိုတာက​တော့ ... လုပ်​ကြည့်​မှသိပါလိမ့်​မယ်​ ... ​ငွေ​ကြေးအဆင်​​ပြေကြပါ​စေ ...
ရာဟုသက်ရောက်သူများအတွက် ယတြာအထူး
ရာဟုသက်ရောက်သူများအတွက် ယတြာအထူး
ရာဟုသက်ရောက်သို့ကျရောက်သော ရှစ်နေ့သားသ
မီးများအတွက် ယတြာတစ်ခုတင်ပေးလိုက်ပါတယ်။
ရာဟုသက်ရောက်သောသူများ နီးရာဘုရားတစ်ခုခု
တွင်သွား၍ ယပ်အဖြူ ၁၂ ချောင်းဝယ်ပါ ။ ၎င်းယပ်
အဖြူ ၁၂ ချောင်းလုံးတွင် နာမည်ရေး ဤနေ့မှစ၍
တစ်နှစ်တာကာလပတ်လုံး အေးချမ်းတည်ငြိမ်စွာနေ
ထိုင်နိုင်ပါစေ လို့ရေးပါ ။ ဘာကြောင့်လဲဆိုတော့ ရာ
ဟုဓာတ်သဘောမှာ လေဓာတ်ဖြစ်သောကြောင့်ပါ ။
ပြီးလျှင်ရာဟုဂြိုဟ်တိုင်ဘုရားတွင် တရော်ကင်းပွန်း
သုံးထုပ်ဖောက်ပြီး ရွှေဆိုင်းထည့်ပြီး ဘုရားဆင်းတု
အားသန့်ရှင်းဆေးကြောပေးပါ ။ တရော်ကင်းပွန်း အနဲငယ်ချန်ထားပြီး မိမိတို့ဦးခေါင်းကို စတိလျှော်
ပြီး တစ်နှစ်တာကာလပတ်လုံး အညစ်အကြေးဒုက္ခ
ဆိုးများလွတ်မြောက်ပါစေဆုတောင်းပါ ။
ဘုရားဆင်းတု ရင်ဘတ်တော်အား တတ်နိုင်သလော
က်ရွှေဆိုင်းကပ်လှူဆုတောင်းပေးပါ ။
ရှစ်နေ့သားသမီးများ၏ ရာဟုအသက်အပိုင်းများ
တနင်္ဂနွေ..... 7..15..23..31..39..47..55..63..71
တနလာၤ..... 6..14..22..30..38..46..54..62..70
အဂၤါ..... 5..13..21..29..37..45..53..61..69..77
ဗုဒၶဟူး..... 4..12..20..28..36..44..52..60..68..76
ၾကာသပေတး..... 2..10..18..26..34..42..50..58..66..
                              74
သောကြာ..... 8..16..24..32..40..48..56..64..72..80
စနေ..... 3..11..19..27..35..43..51..59..67..75
ရာဟု..... 1..9..17..25..33..41..49..57..65..73
ကြိုတင်၍ ပြင်ဆင်နိုင်ကြပါစေ ။ ရာဟုဒဏ် အပြည့်
အဝမခံရတောင် သက်သာမှုတစ်ခုရ၍ ဘဝအေးချမ်
းသာယာကြပါစေ ။
လူတိုင်း ဆောင်ရန်ရှောင်ရန် အနိဋ္ဌ ဣဋ္ဌ ယတြာနည်းလမ်းများ
လူတိုင်း ဆောင်ရန်ရှောင်ရန် အနိဋ္ဌ ဣဋ္ဌ ယတြာနည်းလမ်းများ
------------------------------------------------------------------
ဒီတစ်ခါကတော့ ဆန်းပညာအခြေခံ ရှေးလူကြီးများ ပြောခဲ့သော ဆန်းယတြာများက်ုတင်ပြပေးပါမယ်။လူတိုင်းလည်း လိုက်နာသင့်ပါတယ်။
၁။နံနက်မိုးသောက်အချိန်သည် မိမိတို့နေအိမ်အတွက် ကောင်းကျိုးမင်္ဂလာဖြစ်သောအချိန်ဖြစ်ပါသည်။ထိုအချိန်တွင် ပရိတ်တရားတော်များဖွင့်ခြင်း တရားနာခြင်း ကောင်းသောစကားများပြောဆိုခြင်း တို့သည် ထိုနေ့အဖို့ကောင်းကျိုးမင်္ဂလာချမ်းသာ အဆင်ပြေခြင်းများဖြစ်စေပါသည်။ထိုအချိန်တွင် ဆဲဆိုခြင်း ရန်ဖြစ်ခြင်း စကားကျယ်ကျယ်လောင်လောင်ပြောခြင်း ဆူပူကြိမ်းမောင်းခြင်းမျိုးမြု့လုပ်သင့်ပါ။လာဘ်ပိတ်ခြင်း တစ်နေကုန်လုပ်ကိုင်သမျှအဆင်မပြေဖြစ်ခြင်းတို့ ကြုံရတက်ပါသည်။
၂။ နံနက်အိပ်ယာထခိန်တွင် ကိုယ်လက်သန့်စင်ပြီး ဘုရားဝေယျာဝစ္စမျာြး့ပုလုပ်ပါက ကောင်းကျိုးအဖြာဖြာရရှိစေပါသည်။
၃။ဘုရားကျောင်းဆောင်တွင် ပန်းရေချမ်း ဆီမီး အမွှေးနံ့သာများဖြင့် ဝေေ၀ဆာဆာသပ္ပါယ်အောင် ဆောင်ရွက်ထားခြင်းဖြင့် နေအိမ်၏ ကျက်သရေမင်္ဂလာများ တိုးတက်ပြီး အိမ်ပူခြင်းများကင်းဝေးပါလိမ့်မည်။ဘုရားပန်းအိုး ရေခန်းခြောက်ခြင်း ပန်းများညှိုးနေခြင်း ကြွက်ကိုက်ခြင်း ပင့်ကူမျှင် ဖုန်များ အမှိုက်များ အခြားသောအရာများရှုပ်နေပါက အိမ်တွင်းရေးအပူများ သောကများဖြစ်စေတက်ပါသည်။
၎၊ဘုရားပန်းလဲလှယ်ရာတွင် မြင့်မြတ်သော ခေါင်းရင်း နေရာများတွင်လဲလှယ်သင့်ပါသည်။ခြေရင်း ဘက်နေရာများ ဖိနပ်ချွတ်နေရာများတွင်မလဲလှယ်သင့်ပါ။
၅။လုပ်ငန်း က်စ္စများ အလုပ်ကိစ္စ အရေးတကြီးတွေ့ဆုံရန် သွားသောအခါ ရဟန်းသံဃာများ သူတော်စင်များ ယောဂီများတွေ့ပါကတက်နိုင်သလောက်ဒါနြ့ပု ဆုတောင်းသွားပါ၊သူရူး သူဖုန်းစား ရန်ဖြစ်နေခြင်းများတွေ့ပါက နောက်ကို ခြေသုံးလှမ်းခန့် ပြန်ဆုတ်ပြီးမှသွားပါ။
၆။အကြံအစည် ကိစ္စတစ်ခုခုနှင့် ကားစီးပြီးသွားသောအခါ ထိုင်သောအခါတွင် ခြေထောက်ကို ကြက်ခြေခက်ပုံသဏ္ဍန် မထားသင့်ပါ။
အကြံအစည် များ ဆောင်ရွက်မည့်ကိစ္စများပျက်တက်ပါသည်။
၇။မည်သည့်လုပ်ငန်းကို လုပ်လုပ် ငွေကြေးများရရှိခဲ့ပါက ထိုငွေထဲမှ ဦးဦးဖျားဖျာကို ဘုရားကျောင်းဆောင်အတွက်လိုအပ်သော အမွှေးတိုင် ဖယောင်းတိုင် ပန်းစသည်တို့ကို ၀ယ်ခြင်း မိဘများအတွက် လိုအပ်သောပစ္စည်းဆေးဝါးတစ်ခုခုကို ၀ယ်ယူကန်တော့ခြင်းဖြင့် လာဘ်လာဘ ငွေကြေးလမ်းကြောင်းများပိုမိုပွင့်လန်းလာပါလိမ့်မည်။
၈။ဘိုးဘွား မိဘ ဆ၇ာသမား လင်ယောက်ျား တို့၏အ၀တ်အစားဟောင်းများကို လက်သုတ်ခြင်း ကြမ်းတိုက်ခြင်း ခြေသုတ်ခုံလုပ်ခြင်း လက်နှီးစုတ် လုပ်ခြင်းမပြုလုပ်ရပါ။ဘုန်းကံနှိပ်ခြင်း ဆိုးကျိုးများ ဒုက္ခများကြုံရခြင်းတို့ဖြစ်စေပါသည်။
၉။မိမိ၏ ဘိုးဘွား မိဘ ဆရာသမား လင်သား တို့၏ ဖိနပ်များကို ခြေဖြင့်နင်းခြင်း မှောက်ခုံပက်လက်ဖြစ်စေခြင်း ခလုပ်တိုက်ခြင်း တို့မပြုလုပ်သင့်ပါ။။
                                  ဆက်ရန်၊ ။ ။ ။
ပီယ​ဆေး​တော်​၊ပီယ​မှော်​​ရေ​မွှေး၊ပီယအ​ဆောင်​​လက်​ဖွဲ့​များ စာရင်းလက်​ခံ ပိတ်​ပါ​တော့မည်​။
ဆေး​တော်​အတွက်​ ၃ဦး
ပီယ​ရေ​မွှေး ၂ဦး
ပီယအ​ဆောင်​လက်​ဖွဲ့ ၂ဦး သာ ​ပေးပါ​တော့မည်​။ 
ပွဲ၃ပွဲ​ပေး၍စီရင်​သည်​ဖြစ်​​သော​ကြောင့်
ပွဲဖိုး+ဆရာပူ​ဇော်​​ငွေ၊ပစ္စည်းကုန်​ကျစရိတ်​ အပါအဝင်
ဆေး​တော်​အတွက်​ ၄သောင်း
ပီယ​ရေ​မွှေးအစီိအရင်​ ၄သောင်း၅ထောင်
ပီယလက်​ဖွဲ့အစီအရင်​ ၃သောင်း အသီးသီးကုန်​ကျမှုများရှိပါမည်​။
 ရတနာဒီပံအစီအရင်​များအတွက်​...
စီးပွား​ရေးအတွက်​ ရှင်​သီဝလိဒီပံ​တော်​- ဒီပံ​တော်​တစ်​တိုင်​လျှင်​ ၅ထောင်၊တစ်​​နေ့တစ်​တိုင်​ ၇ရက်​ဆက်​တိုက်​ထွန်းရပါမည်​။
ဒိဝါတပတိဒီပံ​တော်​- အထက်​ပါအတိုင်း။ပူ​ဇော်​​ငွေ၎ထောင်။
ပညာ​ရေးအတွက်​ဒီပံ​တော်​- တစ်​တိုင်​လျှင်​ ၄ထောင်ကျပ်​၊မိမိတို့သ​ဘောကျ ရက်​အကန့်​အသတ်မရှိထွန်းနိုင်​သည်​။
အချစ်​​ရေး၊အိမ်​​ထောင်​​ရေးအတွက်​ဒီပံ - တစ်​တိုင်​လျှင်​၅ထောင်ကျပ်​၊တစ်​​နေ့တစ်​တိုင်​၊၇ရက်​ထွန်းရသည်​။
အမည်​၊​မွေးသက္ကရာဇ်​ ​လိုပါမည်​။
ပူ​ဇော်​​ငွေအား က​မ္ဘောဇဘဏ်​မှလွှဲ​ပေးနိုင်​သည်​။  sayar kyaw zin htut khaung
ဉာဏ်​ပညာထက်​မြက်​​စေ​သောကျင့်​စဉ်
ဉာဏ်​ပညာထက်​မြက်​​စေ​သောကျင့်​စဉ်
နံနက်​ပိုင်း
အတီတံ​သေ ​​ဗုဒ္ဓဿ     ဘဂဝ​တော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်​လုံးချ၊တစ်​​နေ့သုံးပတ်​)
နေ့လည်​ပိုင်း
ပစ္စုပ္ပန္နံ​သေ ​ဗုဒ္ဓဿ     ဘဂဝ​တော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်​လုံးချ၊တစ်​​နေ့သုံးပတ်​)
ည​နေပိုင်း
အနာဂတံ​သေ ဗုဒ္ဓဿ     ဘဂဝ​တော အပ္ပဋိဟတံ ဉာဏံ (ပုတီးတစ်​လုံးချ၊တစ်​​နေ့သုံးပတ်​)
 တစ်​​နေ့လျှင်​ ၉ပတ်​ ပုံမှန်​စိပ်​သွားပါ။ဆရာ​တော်​ဦးပညာထံမှ ဤနည်းကို ရရှိပါသည်​။
အနက်​​လေးပါ မှတ်​ပြီး ပုတီးစိပ်​စဉ်​ အာရုံပြုပါ....
အတီတံ​သေ ​​ဗုဒ္ဓဿ ဘဂဝ​တော အပ္ပဋိဟတံ ဉာဏံ = အတိတ်​ဖြစ်​စဉ်​ကို အပိတ်​အပင်​မရှိ၊အတားအဆီးမရှိ သိမြင်​​တော်​မူ​သော မြတ်​စွာဘုရား
ပစ္စုပ္ပန္နံ​သေ ​ဗုဒ္ဓဿ ဘဂဝ​တော အပ္ပဋိဟတံ ဉာဏံ = ပစ္စုန်​ပ္ပန်​ဖြစ်​စဉ်​ကို အပိတ်​အပင်​မရှိ၊အတားအဆီးမရှိ သိမြင်​​တော်​မူ​သော မြတ်​စွာဘုရား
အနာဂတံ​သေ ဗုဒ္ဓဿ ဘဂဝ​တော အပ္ပဋိဟတံ ဉာဏံ = အနာဂတ်​ဖြစ်​စဉ်​ကို အပိတ်​အပင်​မရှိ၊အတားအဆီးမရှိ သိမြင်​​တော်​မူ​သော မြတ်​စွာဘုရား
 အားလုံးပဲ နှစ်​သစ်​မှာ ကျက်​သ​ရေမင်္ဂလာအ​ပေါင်းနှင့်​ပြည့်​စုံပြီး
စီးပွားဥစ္စာတိုးပွားကာ ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​လန်းချမ်း​မြေ့ကြပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်းလိုက်​ပါသည်​။.........။
                       ဂန္ဓာရီခရီးသည်​  kyaw zin htut khaung
ကျားမျက်​ကွင်းအစီအရင်
ကျားမျက်​ကွင်းအစီအရင်
လွယ်​ပါတယ်​           i  sayar kyaw zin htut khaung remind you only use at when you needed 
                                           and keeping nice thank and god bless 
သေသူနှင့်​​တွေ့ဆုံစကား​ပြောနိုင်​​သောဆီမန်း
သေသူနှင့်​​တွေ့ဆုံစကား​ပြောနိုင်​​သောဆီမန်း
ကြောက်​တတ်​ရင်​​တော့စမ်းမကြည့်​တာအ​ကောင်းဆုံးပါဘဲ။
 kyaw zin htut khaung
ကံ​ကောင်း​အောင်​မြင်​လာဘ်​ရွှင်​ပွင့်​လန်း​စေ​သောအစီအရင်
ကံ​ကောင်း​အောင်​မြင်​လာဘ်​ရွှင်​ပွင့်​လန်း​စေ​သောအစီအရင်
မိမိလိုင်​စင်​ဓာတ်​ပုံကိုသုံးပြီးစီရင်​ရတာမို့အရမ်းလွယ်​ကူတာ​ကြောင့်​စီရင်​ကြည့်​လိုက်​ပါ။ယုံကြည်​မှုအ​လျှောက်​ထူးခြားမှု​တွေ့ရှိပါလိမ့်​မည်​။
လက်​​တွေ့ပီယအကြမ်းတိုက်​နည်း
လက်​​တွေ့ပီယအကြမ်းတိုက်​နည်း
လ္ဘက်​၊ဆီ၊ဆန်​ကို​အောက်​ပါဂါထာဖြင့်​(၃၇)အုပ်​စုတ်​ပါ။
``ဥုံ သုဘတ္တာ​ရေ၀သီယံ​နေမ ကာလ၀​သောသမ္ပတ္တာစ၊​ရောက္ခဣရိဣတိသူရ
သတီ၊
စန္ဒာ​ဒေ၀ီစ ပရ၀​ဒေါ မဂ္ဂသစ္စံ မဂ္ဂယံမံ၊ပီယံမမ​တေန​မော ​ကောသမ္ဘီစ မဟာဝါ​ရော ပါပဂ္ဂ​ဟော​မောရသာတ ဂစ္ဆအမုမှိသြကာ​သေတိဌာဟိ´´
ယင်းအားမင်းမဟာဂီရိတင်​၊မိမိလိုသူ၏အမည်​ကိုတိုင်​တည်​၍အမဲရိုးနှင့်​နတ်​စင်​ကို၃ချက်​ရိုက်​၊မလာမ​နေရ။လက်​​တွေ့ပီယအကြမ်းတည်း။
ရာသက်​ပန်​ခပ်​​ဆေး​တော်​ကြီး
ရာသက်​ပန်​ခပ်​​ဆေး​တော်​ကြီး
စ​နေ​နေ့အ၀င်​နက္ခတ်​ကြုံချိန်​၌​ရွေးဖြူ မြစ်​ကိုလက်ျာလက်​ဆစ်​နှင့်​တိုင်း၍ဖြတ်​ယူရမည်​။မဖြတ်​ခင်​ဆန်​ပန်း​ပေါက်​​ပေါက်​ဖြင့်​ပူ​ဇော်​ရမည်​။
ဂါထာ-``ဥုံ သဗ္ဗဗုဒ္ဓာ သုမနာ၊
ဘ၀န္တိ လာ​သောအဟံ အရဟ​တော သဗ္ဗံပလာယန္တိ´´
မိမိလိုသူ၏စား​သောက်​ဖွယ်​တွင်​ထည့်​၍​ကျွေး၊ယင်းအစာဝင်​ပြီးချိန်​မှစ၍မိမိအလိုသို့
ပါပြီ။သို့​သော်သစ္စာရှိပြီးအတည်​ယူနိုင်​မှဤ
နည်းအားအသုံးပြုပါ​လေ။ထို့အပြင်​ကာ​မေသုအထူး​ရှောင်​ဘို့လို​ပေသည်​။
အိပ်​မက်​​ပေးနည်း(၁)
BeeTalk​ပေါ်ကfri​တွေ​တောင်းထားလို့
တင်​​ပေးလိုက်​ပါတယ်​။အိပ်​မက်​​ပေးနည်း
အစီအရင်​(၂)နဲ့(၃)ကို​တော့မကြာခင်​မှာပဲတင်​ပြ​ပေးသွားမှာပါ။