လေတိုက်တိုင်း ငွေလိုက်သော ``ရွက်လှေ´´ အစီအရင်
ဒီအစီအရင်ကတော့ ပေးထားတဲ့ခေါင်းစဉ်အတိုင်းပါပဲ... လေတိုက်တိုင်း ငွေလိုက်မယ့် ငွေဝင်မယ့် ရှေးလောကီပညာအစီအရင်တစ်ခုပါပဲ....
ပြုလုပ်ရတာက လွယ်ကူတာကြောင့် အထင်မသေးပါနဲ့....အလွန်အစွမ်းထက်လှပါတယ်....
လာဘ်လာဘနည်းပါနေတဲ့ တပည့်သားမြေးများအတွက် လောကီဆရာကြီးများက လက်ဆင့်ကမ်းသင်ကြားပြသပေးခဲ့တဲ့ အစီအရင်ပါ....
လုပ်ရမှာက
ဝါးလုံး ဒါမှမဟုတ် ဝါးခြမ်းကို လှေပုံစံပြုလုပ်ပါ....လှေကိုစက္ကူအဖြူနဲ့ကပ်လိုက်ပါ... လှေရဲ့အလယ်မှာလည်း ဝါးချောင်းအသေးစားနဲ့ပဲဖြစ်ဖြစ် ရွက်တိုင်ပုံလုပ်ပါ....ရွက်တိုင်မှာလည်း စက္ကူအဖြူကို ရွက်ပုံစံညှပ်ပြီးကပ်ပါ....
လှေမှာလည်း ``ရွက်လှေ´´ ဆိုပြီး မှင်အနီရောင်နဲ့ရေးပါ....
ပြီးသွားရင်တော့ မိမိမြင်ကွင်းနဲ့အဆင်ပြေမယ့်နေရာမှာထားပါ....
နေ့စဉ်လုပ်ဖို့်ကတော့ ရွက်လှေကိုအာရုံစုပြီး မမှတ်မသုံ အခြေအနေပေးတိုင်း ကြည့်ပေးရပါမယ်....
ကြည့်ဖန်များလာတဲ့အခါမှာတော့ မိမိရဲ့စိတ်စုစည်းအားအပေါ်မှာမူတည်ပြီး လှေလေးဟာ ရွက်လွှင့်လှုပ်ရှားလာသလို ထင်မြင်လာပါမယ်....
အဲလိုအခြေအနေရောက်ပြီဆိုရင် အစီအရင် အောင်မြင်ပါပြီ.....
လှေလှုပ်တိုင်း ငွေတွေဝင်လာတော့မယ် လို့ အကြိမ်ကြိမ်နှလုံးသွင်းပေးရပါမယ်....
လှေမလှုပ်သေးဘဲ လောဘစိတ်နဲ့တော့စိတ်မကူးမိပါစေနဲ့.....
ဇွဲကောင်းကောင်းနဲ့ပြုလုပ်ရင် အင်မတန်အံဩဖွယ်ကောင်းလောက်အောင် မိမိရဲ့စိတ်တန်ခိုးအစွမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်....
ထူးဆန်းပြီး အစွမ်းထက်တဲ့ ငွေဝင်အစီအရင်တစ်ခုဖြစ်ကြောင်းပြောကြားရင် နိဂုံးချူပ်အပ်ပါသည်....
ဂန္ဓာရီခရီးသည်
No comments:
Post a Comment